Cloud Atlas (2012)

Cloud Atlas ဟာ ၁၈၀၀ ခုနှစ်များကစတင်ပြီး ယခု ကျွန်တော်တို့ နေထိုင်တဲ့
ကမ္ဘာကြီးပျက်ဆီးသွားတဲ့အထိ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက်
များ၊ အပြုအမူများဟာ ခေတ်အဆက်ဆက် ဘယ်လောက်ထိ အကျိုးသက် ရောက်မှုရှိတယ်ဆိုတာကို ရိုက်ပြထားပါတယ်။

Review

ကျွန်တော် ရုပ်ရှင်တော်တော်များများကြည့်ဖူးပါတယ်။ ဒါပေမယ့် Cloud Atlas လို

ဇာတ်အိမ်ကြီးတဲ့ ရုပ်ရှင်မျိုးမကြည့်ဖူးဘူးလို့ ဝန်ခံရမှာပါပဲ။
ဇာတ်အိမ်ကြီးလှပါတယ်ဆိုတဲ့ J.R.R Tolkien ရဲ့ Lord of the Rings Universe ကတောင် ၁၈၀၀ ခုနှစ် ကနေ
ဒီကမ္ဘာပျက်သွားပြီး နောက်ထပ်ဂြိုလ်တွေပေါ်မှာ လူတွေသွားနေရတဲ့ ခေတ်များ
အထိ ဇာတ်လမ်းဆင်ထားတဲ့ Cloud Atlas လောက်ကြီးပါ့မလားလို့ တွေးမိပါတယ်။

Cloud Atlas မှာ အဓိကအားဖြင့် ဇာတ်ကောင်
၆ ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ပြထားပြီး

အဲ့ ဇာတ်ကောင် ၆ ယောက်ဟာ ၁၈၀၀ နှစ်များ၊ ၁၉၃၀၊ ၁၉၇၀၊ ၂၀၁၂၊ ၂၁၀၀၊
နောက်တော့ လူ့ယဉ်ကျေးမှုပျက်ဆီးသွားတဲ့ ခေတ် စတဲ့ မတူညီတဲ့ ခေတ် ၆ ခေတ်ကဖြစ်ပါတယ်။

ဇာတ်လမ်းဆင်ထားတဲ့ ပုံကအရမ်းအံ့အော်စရာ
ကောင်းပါတယ်။ ဇာတ်ကားတစ်ကားတည်းနဲ့ ဇာတ်ကား ၆ ကားကို တစ်ခါတည်းကြည့်ရသလို
ပါပဲ။ အဲ့ဇာတ်ကား ၆ ကား ဟာလည်း တစ်ခုနဲ့တစ်ခု theme မတူညီတဲ့အတွက်

အပေါ်မှာရေးထား သလို
Adventure, Drama, Thriller, Scifi, Action, Mystery, Fantasy, Comedy ခံစားမှုပေါင်းစုံနဲ့ ရိုက်ကူးထားပါ
တယ်။ ကျွန်တော်အကြိုက်ဆုံးအချက်ကတော့ ဒီလိုမတူညီတဲ့ ခေတ် ၆ ခေတ်မှာ မတူညီတဲ့ ဇာတ်ကောင် ၆
ယောက်ရဲ့ ဇာတ်လမ်းကို တစ်ပြိုင်တည်း တင်ဆက်ထားတာမှာ

ဇာတ်လမ်းအတက်အကျတွေဟာ တစ်ပြေးညီဖြစ်

နေတာပါပဲ။ ဇာတ်လမ်း ၇ ပုဒ်ကို တစ်ခါတည်းပြဖို့ ကြိုးစား ထားတာဖြစ်တဲ့အတွက်

စစချင်းတော့ ဘယ်သူက ဘာတွေမှန်းမသိ ခေါင်းတွေမူးနောက်နေခဲ့ပေမယ့် ဇာတ်ကြောင်းတွေပေါ်လာလေလေ

နောက်ဘာဆက်ဖြစ်မလဲဆိုပြီး ၇ ပုဒ်လုံး ဇာတ်ကောင် ၆ ယောက်လုံးကို စိတ်ဝင်စားလာအောင်၊

ပြီးတော့ အဲ့ ဇာတ်ကောင် ၆ ယောက်ကို ဘယ်လို ချိတ်ဆက်ထားလဲဆိုတာကို သိချင်လာအောင် ရိုက်ပြထားပါတယ်။

ဒီကားမှာသုံးထားတဲ့ Make-up ကိုတော့ တော်တော်လေးကြိုက်
ပါတယ်။ မင်းသား၊ မင်းသမီး အတူတူပေမယ့် Make-up ကြောင့် နောက်ဆုံးစာတမ်းထိုးတော့မှ သြော်၊ အဲ့တာလည်း

သူတို့ပါပဲလားဆိုပြီး သိရတာပါ။ အချုပ်ပြောရရင်တော့ Cloud Atlas ဟာတော်တော်ကောင်းတဲ့ကား၊ ထူးခြားတဲ့ကားတွေထဲမှာပါပါတယ်။

ဇာတ်လမ်းက ခေတ် ၇ ခေတ်ကို တစ်ခါတည်းရိုက်ပြထားတာဆိုတော့ ကြည့်ပြီးတဲ့လူတွေအတွက်

နည်းနည်းရှုပ်နေနိုင်တဲ့အတွက်

ထုံးစံအတိုင်း ရေးနိုင်သလောက် Synopsis လေးရေးထားပါတယ်။

ဒီကားက တစ်ချို့အတွက်တော့ ဇာတ်လမ်းစ၊ဆုံးမလိုပေမယ့်
တစ်ချို့အတွက်တော့ တစ်ချို့အတွက်တော့ ရှင်းလင်းချက်ဟန်
က လိုနေပါလိမ့်မယ်…မဟုတ်ရင် ခေါင်းအနည်းငယ်နောက်နိုင်လို့
ပါ…

Comments