Dark (2017-2020)

Deep ပြီး Dark တဲ့ စီးရီးလေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။စီးရီးနာမည်ကတော့ Dark ပါ။

ဒီကားလေးက လျှို့ဝှက်ဆန်းကျယ် တွေးတောပြီး မျောပါသွားရတဲ့ feelingကိုကြိုက်တဲ့ ပရိသတ်ကြီးအတွက်ကတော့ လုံးဝအကြိုက်တွေ့သွားစေရမှာပါ။

Season 3 မှာ အပိုင်း ၈ ပိုင်းပါရှိပါတယ်။ လူသားတွေ နားလည်လက်ခံထားတာက မနေ့ကပြီးရင် ဒီနေ့လာမယ်။

ဒီနေ့ပြီးရင် မနက်ဖြန်ရောက်လာမယ်ဆိုတဲ့ အစီအစဉ်အတိုင်းသွားနေကြတယ်လို့ပါပဲ။

တကယ်လို့ အဲ့လိုအချိန်ကာလတွေဟာအစီအစဉ်အတိုင်းရှိနေတာမျိုးမဟုတ်ပဲ စက်ဝိုင်းကြီးတစ်ခုလိုမျိုး အဆုံးအစမရှိစွာ လည်ပတ်နေတာမျိုးဆိုရင်ရော?

ဒီလိုအတွေးမျိုးတွေပေါ်မှာ အခြေခံကာဇာတ်အိမ်တည်ထားတဲ့ စီးရီးကောင်းလေးကတော့ ပါ။

ဇာတ်လမ်းအကျဉ်းလေးကိုပြောပြချင်ပါသေးတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့… ဝစ်ဒန်ဆိုတဲ့ မြို့လေးမှာ အီရစ်ခ်ဆိုတဲ့ ကလေးတစ်ယောက် ပျောက်ချင်းမလှပျောက်သွားတာကနေ ဇာတ်လမ်းကစပါတယ်။

ရာဇဝတ်မှုနည်းပါးပြီးအေးချမ်းလှတဲ့ ဒီမြို့လေးမှာ ကလေးတစ်ယောက်ပျောက်ချင်းမလှ ခြေရာလက်ရာ

သဲလွန်စတစ်ခုမကျန်ပဲပျောက်ဆုံးသွားတာကတော့ ရဲမှုး အောလ်ရစ်ခ်ျအတွက်ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်လာပါတော့တယ်။

လွန်ခဲ့တဲ့ ၃၃နှစ်ကလဲ မက်စ်ဆိုတဲ့ကလေးတစ်ဦးအခုလိုပဲပျောက်ဆုံးသွားခဲ့ဖူးပါတယ်။

ကံကြမ္မာစက်ဝန်းတစ်ပါတ်ပြန်လည်တာများလားဆိုတဲ့ အတွေးနဲ့ အားလုံးထိတ်လန့်နေချိန်မှာ

ရဲမှုးအောလ်ရစ်ခ်ျရဲ့သားငယ်လေး မစ်ကယ်လ်ပါ ပျောက်ဆုံးသွားပါတော့တယ်။

လွန်ခဲ့တဲ့ ၃၃နှစ်ကပျောက်ဆုံးသွားတဲ့ မက်စ်ကို ပျောက်သွားချိန်ကအသက်အရွယ်အတိုင်း ၁၂နှစ်အရွယ်ကလေးတစ်ယောက်ရဲ့

အလောင်းအနေနဲ့ ပြန်တွေ့ရတဲ့အချိန်မှာ သူတို့ဘာဆက်လုပ်ကြမလဲ?

မက်စ်ရဲ့အလောင်းကလဲလတ်လတ်ဆတ်ဆတ် တစ်နေ့ကမှသေထားတဲ့အလောင်းဖြစ်နေတဲ့အခါ…

Imdb Rating 8.6/10 ရရှိထားတဲ့ စီးရီးလေးမို့ မကောင်းမှာတော့မပူရပါဘူး။

လျှို့ဝှက်ဆန်းကျယ် အတွေးနယ်ချဲ့ရတဲ့ ခံစားချက်ကို သဲတစ်ထိတ်ထိတ်ရင်တစ်ဖိုဖိုခံစားချင်တဲ့ ပရိသတ်ကြီးအတွက်ဒီ Dark ဆိုတဲ့စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်

Comments