ကျွန်တော်ကြည့်ဖူးသမျှ ရုပ်ရှင်ဇာတ်ကောင်တွေထဲမှာ ဒီ Predestination ရုပ်ရှင်ရဲ့ဇာတ်ကောင်ဟာ သနားဖို့အကောင်းဆုံးဇာတ်ကောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ဘဝရဲ့အဖြစ်မှန်ဟာ အလွန်ကို ထူးဆန်းပြီး အလွန်ကို သနားဖို့ကောင်းပါတယ်။ ထိုဇာတ်ကောင်ကိုယ်တိုင် သူ့ဘဝရဲ့အဖြစ်မှန်ကို သိသွားရတဲ့ အချိန်မှာ ရုပ်ရှင်ကြည့်နေရသူ ကျွန်တော်ကိုယ်တိုင် အလွန်အံ့သြပြီး အလွန်ဝမ်းနည်းမိသွားခဲ့ရပါတယ်။ လူ့လောကမှာ သူ့ဘဝလောက် ဆိုးတဲ့ဘဝ ရှိမှာ မဟုတ်တော့ပါ။ သူ့ဘဝလောက် အထီးကျန်တဲ့ ဘဝရှိမှာလည်း မဟုတ်တော့ပါ။ သူ့ဘဝလောက်လည်း မည့်သည့်ဘဝမှ ထူးဆန်းမည်မဟုတ်ပါ။ သေချာပါတယ်။ ဒီကားဟာ ကြည့်ပြီးတဲ့ လူတိုင်းကို အချိန်အတိုင်းအတာ တစ်ခုထိ လိုက်နှောင့်ယှက်နေမယ်ဆိုတာ…..။
ဒီ Predestination ဇာတ်ကားဟာ Sci-fi ဇာတ်ကားဖြစ်ပေမဲ့ များစွာသော sci-fi ဇာတ်ကားများလို အနာဂတ်မှာ ဇာတ်အိမ်တည်ထားခြင်းမဟုတ်ပဲ လွန်ခဲ့သော အတိတ်များတွင် ဇာတ်အိမ်တည်ထားခြင်းပင်ဖြစ်ပေသည်။ ဒီဇာတ်ကားဟာ စာရေးဆရာကြီး Robert A. Heinlein ရေးသားခဲ့တဲ့ ‘”—All You Zombies—”‘ ဆိုတဲ့ ဇာတ်လမ်းတို တစ်ပုဒ်ကို အခြေခံပြီး ရိုက်ကူးခဲ့တာပါ။ စာရေးဆရာကြီး Robert A. Heinlein သည် ဤကဲ့သို့ အလွန်တရာ ရှုပ်ထွေးနက်နဲဆန်းကျယ်လှတဲ့ ဇာတ်လမ်းကို July 11, 1958 တစ်ရက်ထည်းမှာတင်ပဲ အပြီးရေးသားခဲ့ပါတယ်။ ထို့နောက်ထိုဇာတ်လမ်းတိုကို Playboy Magazine ကိုပို့ခဲ့ရာ ငြင်းပယ်ခံခဲ့ရပေမဲ့ Fantasy and Science Fiction magazine က 1959 ခုနှစ်မှာ ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

Comments
Post a Comment