တစ်ကိုယ်တည်း ကလေးအမေတစ်ယောက်ဖြစ်တဲ့ Jess တစ်ယောက်
သူငယ်ချင်း တစ်ချို့နဲ့ ပင်လယ်ပြင် ရွက်လွှင့်ခရီးမှာ ရွက်လှေမှောက်ပြီး
ထူးဆန်းတဲ့ ပင်လယ်ကူးသင်္ဘောရောက်သွားပြီး တစ်ယောက်ယောက်က
သူတို့ကို လိုက်လံသတ်ဖြတ်ချင်းကိုခံရတဲ့အခါ ဘလာဘလာဘလာ…..
ဒီအတိုင်းဆိုရင်တော့ သာမန် လူသတ်ကားတစ်ကားလို့ပဲ ထင်မိကြမှာပါလေ
ဒါပေမယ့် လုံးဝမဟုတ်ပါဘူး ကြည့်ဖူးသမျှ လူသတ်ကားတွေလိုမဟုတ်ပဲ
လုံးဝကွဲထွက်သွားတဲ့ ဇာတ်အိမ်မျိုးပါ (ဥပမာ ကိုယ့်သူငယ်ချင်းတွေကိုပဲ
ကြိမ်ဖန်များစွာ သတ်နေရတဲ့ဖြစ်ရပ်မျိုး) ငရဲ ကို လက်တွေ့ကြကြဖော်ညွှန်းထားတဲ့
ပုံစံမျိုးလို့ပြောလို့ရပါတယ် ကြည့်ပြီးသွားရင်တောင်မှ
အတွေးစအရှည်ကြီးတွေ တန်းလန်းကျန်ခဲ့မဲ့ ဇာတ်ကားမျိုးပါ
လုံးဝ လက်မလွှတ်သင့်တဲ့ကားပါ ဒီဇာတ်ကားကတော့ October 2009 တုန်းက
ထွက်ရှိခဲ့တာဖြစ်ပြီးတော့ IMDb rating ကတော့ 6.9 ရရှိထားပါတယ်

Comments
Post a Comment